Sunday, March 21, 2010

ငမိုးရိပ်ချောင်းနံဘေး နေ၀င်စောချိန် မွန်းသက်ပန် (ဆေး-၁)

 
အချိန်က ညဥ့်သန်းခေါင်ကျော် နှစ်ချက်တီးချိန်။

“ဒေါင်… ဒေါင်… ”

နှစ်ဆယ့်ခြောက်ရပ်ကွက် ကင်းတဲဆီမှ သံချောင်းခေါက်သံက ပတ်ဝန်းကျင်ကို တခဏတာ သက်ဝင်စေပြီး ပြန်လည် တိတ်ဆိတ် သွားပြန်သည်။ ငမိုးရိပ်ချောင်းစပ် တစ်နေရာတွင်ရှိသော သမ္ဗာန် အဟောင်း တစ်ခုပေါ်မှ တချက်တချက် လှုပ်တတ်သည့် အရိပ်တစ်ခုကလွဲလို့ ပတ်ဝန်းကျင်တခုလုံးကလည်း ခြောက်ခြားဖွယ် ကောင်းလောက်အောင် ငြိမ်သက်လျက်ရှိသည်။ ထိုအရိပ်ပိုင်ရှင်ကတော့ ရစ်ရွှေရည်ကို အဖော်ပြုနေသူ ကိုဘမောင်။

“ရွှေမေတ္တာတွေ ဖေချစ်တာတွေ သွေမပစ်ပါသလေ မေသိပါစေ… အေ့.. ”

နှောင်းခေတ်သီချင်း တစ်ပိုင်းတစ်စကို အသံသေး၊ အသံကြောင်ဖြင့် အော်ဆိုလိုက်သော ကိုဘမောင်အသံက တိတ်ဆိတ်မှုကိုထိုးခွင်းကာ စူးစူးရှရှထွက်လာတော့ ဥာဥ့်ယံက ရီဝေေ၀အသွင်ကို ဆောင်နေပြန်သည်။ အခါတိုင်းဆို အခုလို ငရှဥ့်ထောင်သောညများတွင် ကိုဘမောင်က တရေးတမော အိမ်ပြန်အိပ်နေကျပေမယ့် မိန်းမဖြစ်သူ မအေးခင်နှင့် ညနေက စကားအခြေတင်များခဲ့ကြသဖြင့် အိမ်မပြန်တော့ဘဲ စိတ်ညစ်ညစ်နှင့် အရက်ထိုင်သောက်နေခြင်းဖြစ်သည်။


Friday, March 19, 2010